Posts

Showing posts from February 20, 2011

သမိုင်းတဖြတ်အမြင်နဲ့ လူတတ်မလုပ်ချင်ပါနဲ့ တိုင်းပြည်အနာဂါတ် အရေးမို့ပါ / ကျော်သန်း

ကျော်သန်းရဲ့ဆောင်းပါးပါ။ သမိုင်းတဖြတ်အမြင်နဲ့ လူတတ်မလုပ်ချင်ပါနဲ့ တိုင်းပြည်အနာဂါတ် အရေးမို့ပါ Monday, February 14, 2011 အပိုင်း (၁) (ခေတ်နှစ်ခေတ် တိုက်ပွဲနှစ်ခုရဲ့ ခေါင်းဆောင်မှုကို နှိုင်းယှဉ်ဆန်းစစ် တင်ပြဖို့ကြိုးစားရင်း အနှစ် (၂၀) ကျော် တိုက်ပွဲရဲ့ သုံးသပ်ချက်အကျဉ်းချုပ် စာတမ်းငယ်လို ဖြစ်သွားပါတယ်။ အကိုးအကား စာအုပ်စာတမ်း ခေါင်းပါးတာကြောင့် ကျောင်းကြီးဆင်း လူတတ်များလို ဖုနုတ်(Foot-note) တွေ၊ အင်နုတ်(in-note)တွေ ဘေးနုတ်(margin-note) တွေနဲ့ သက်သေမထူနိုင်တော့ပါဘူး။ စိတ်သာရှင်စော ဘုရားဟောဆိုတဲ့ စကားကို အားကိုးတင်ပြလိုက်ပါတယ်။ အတ္တာနောမတိ အမြင်နဲ့သာ ဝေဘန်ဖတ်ရှုကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ အချက်အလက်အမှား၊ ကောက်ချက်အမှားများကို ထောက်ပြမယ် ဆိုရင် အထူးကျေးဇူးတင်ပါတယ်။) ကျုပ်တို့အဖြစ်က မောင်းကြီးကျကွဲကာမှ ဥက္ကဋ္ဌကြီး လုပ်ပါဦး ဆိုသလိုဖြစ်နေပြီ။ တခါတုန်းက ရွာတရွာမှာ ဘုရားပွဲလုပ်ဖို့ အလှူခံထွက်ကြတယ်။ ဘုန်းကြီးကျောင်းက မောင်းကြီးကိုငှားပြီး လူငယ်လူရွယ် တွေ ထွက်ကြတယ်။ အထိန်းအကျောင်းအဖြစ် လူကြီးတဦးလည်းပါတယ်။ ဒီလူကြီးကြောင့် ခရီးမတွင်ဘူးလို့ လူငယ်တွေ က ထင်ကြတယ်။ လူကြီးကလည်း တုံ့နှေးနှေးနဲ့ စည်းကမ