Posts

Showing posts from May 1, 2011

မြန်မာအာဆီယံဥက္ကဌဖြစ်ရေးဝန်ကြီးများသဘောတူ (ဂျာကာတာ - မေ ၇)

ဂျာကာတာ-မေ ၇ မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌ အဖြစ် ရွေးချယ်ရေး သဘောတူကြောင်း အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် ယမန်နေ့က ဆွေးနွေးခဲ့ကြသည်ဟု ကမ္ဘောဒီးယား နိုင်ငံခြားရေး၀န်ကြီး Hor Nam Hong က ကမ္ဘောဒီးယား သတင်းထောက်များကို ရှင်းလင်းပြောကြားသည်။ ဂျာတာကာမြို့တွင် မေလ (၇) ရက်နေ့က ကျင်းပလျက် ရှိသော အာဆီယံထိပ်သီး အစည်းအဝေး အကြို မေလ (၆) နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် ထိုသို့ဆွေးနွေးခဲ့ကြကြောင်း ၎င်းကဆိုသည်။ သို့သော် ထိုသို့ ဆွေးနွေးသည့်ကိစ္စနှင့် ပတ်သက်၍ တရား၀င် သတင်းထုတ်ပြန်ခြင်း မရှိသေးဘဲ နိုင်ငံခေါင်းဆောင်များ၊ အစိုးရခေါင်းဆောင်များ ဆက်လက် ဆွေးနွေးကြမည် ဖြစ်ကြောင်း Hor Nam Hong က ပြောကြားသည်။ "ဟုတ်ပါတယ်။ အဲဒီ အစည်းအဝေးမှာ သဘောတူခဲ့ကြတယ်။ နိုင်ငံခြားရေး ၀န်ကြီးတွေ သဘောတူလိုက်ပြီ ဆိုတော့ လမ်းပွင့်သွားပြီဆိုတဲ့ သဘောပေါ့"ဟု အစည်းအဝေးကို တက်ရောက်လာသော မြန်မာ အစိုးရအရာရှိ တစ်ဦးကလည်း အတည်ပြု ပြောကြားသည်။ ယမန်နေ့က အစည်းအဝေး မတိုင်မီ အာဆီယံ လက်ရှိဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး မာတီနာတာလီဂါ၀ ကမူ ထိုအစည်းအဝေး မတိုင်မီ သတင်းထောက်များနှင့်

ဟော- ဟိုမှာ

ဟော - ဟိုမှာ ဟော - ဟိုမှာ ကလေးငယ်လေးတစ်ယောက်၊ မန္တလေးမြစ်ဆိပ်က ကျူးကျော်ရပ်ကွက်လေးမှာ သူနေတယ်။ သူ့အလုပ်က " ညဘက်ဆိုရင် ကုန်စိမ်းဒိုင်ကိုလာတဲ့ ကုန်ကားတွေပေါ်က ဂေါ်ဖီထုပ်တွေ၊ ပန်းမုန်လာတွေကို အလစ်သွားသုပ်တယ်၊ နံနက်ဘက်ကျတော့ အမှိုက်ကောက်တယ်၊ နေ့လည်ကျတော့ တောင်းစားတယ် " တဲ့လေ။ ပညာသင်ပေးချင်တဲ့ စေတနာဆရာမလေးကို သူပြောလိုက်တဲ့စကားက " စားဖို့တောင်အနိုင်နိုင် စာဘယ်လိုသင်နိုင်မှာလဲ အစ်မရယ် " တဲ့။ ဘ၀အမောတွေနဲ့ နွမ်းလျနေတဲ့ ဒီကလေးငယ်လေးကို အချိုရည်လေး တခွက်နဲ့ အမောဖြေစေတော့ " အဖွားကို တိုက်ချင်လို့ အိတ်နဲ့ထည့်ပေးလို့ရလား " တဲ့။ သြော် - ခေတ်စနစ်ဆိုးရဲံ အရိပ်မည်းတွေအောက်မှာ ကလေးငယ်လေးတွေရဲ့ အနာဂတ်တွေလဲ ပျောက်ဆုံးလို့။ ခင်မမမျိုး ( ၂၊ ၅၊ ၂၀၁၁ )