Posts

Showing posts from May 22, 2011

နိုင်ငံတော်သမ္မတထံသို့ အိတ်ဖွင့်ပေးစာ

နိုင်ငံတော်သမ္မတထံသို့ အိတ်ဖွင့်ပေးစာ by   အမျိုးသားဒီမိုကရေစီ အင်အားစု   on Thursday, May 26, 2011 at 9:48pm လွတ်ငြိမ်းချမ်းသာခွင့်အမိန့် အမှတ် ၂၈/၂၀၁၁ နှင့် ပါတ်သက်၍ နိုင်ငံတော်သမ္မတထံသို့  ဒီမိုကရေစီမိတ်ဆွေပါတီများက  ပေးပို့သော အိတ်ဖွင့်ပေးစာကို နိုင်ငံတော်သမ္မတထံသို့ စာပို့စနစ်ဖြင့် ပေးပို့ပြီးဖြစ်သဖြင့်ထုတ်ပြန်အသိပေးအပ်ပါသည်။   အပြည့်အစုံမှာ အောက်တွင် ဖော်ပြသည့်အတိုင်းဖြစ်ပါသည်။   ၁။     နိုင်ငံတော်သမ္မတ၏ ( ၁၆-၅-၂၀၁၁ ) ရက်စွဲပါ လွတ်ငြိမ်းချမ်းသာခွင့်  အမိန့် အမှတ် (၂၈/၂၀၁၁) တွင် အကျဉ်းသားများအား  နိုင်ငံတော်သစ်တည်ဆောက်ရာ၌   တစ်ဖက်တစ်လမ်းမှ   အကျိုးပြုစေမည့်   နိုင်ငံသားများအဖြစ်သို့  ပြောင်းလဲပေး ရန်လည်းကောင်း၊  အကျဉ်းသားများအား လူသားချင်းစာနာထောက် ထားသောအားဖြင့်လည်းကောင်း၊ ယင်းတို့ ၏ မိသားစုများအား ငဲ့ညှာသောအားဖြင့်လည်းကောင်း ရည်ရွယ် လျက် လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည်ဟုဖေါ်ပြ၍ အကျဉ်းသားတစ်သောင်းလေးထောင်ကျော်ကို လွတ်လပ်ခွင့်ပြုလိုက်ကြောင်း သိရှိရပါသည်။   ၂။     ကျွန်ုပ်တို့ဒီမိုကရေစီမိတ်ဆွေပါတီများအနေဖြင့် သမ္မတဦးသိန်းစိန်၏ အစိုးရမူဝါဒမိန့်ခွန်းကို ကြိုဆို ရင်း ထိုမိန့်ခွန်း