မြန်မာအာဆီယံဥက္ကဌဖြစ်ရေးဝန်ကြီးများသဘောတူ (ဂျာကာတာ - မေ ၇)

ဂျာကာတာ-မေ ၇

မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌ အဖြစ် ရွေးချယ်ရေး သဘောတူကြောင်း အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် ယမန်နေ့က ဆွေးနွေးခဲ့ကြသည်ဟု ကမ္ဘောဒီးယား နိုင်ငံခြားရေး၀န်ကြီး Hor Nam Hong က ကမ္ဘောဒီးယား သတင်းထောက်များကို ရှင်းလင်းပြောကြားသည်။

ဂျာတာကာမြို့တွင် မေလ (၇) ရက်နေ့က ကျင်းပလျက် ရှိသော အာဆီယံထိပ်သီး အစည်းအဝေး အကြို မေလ (၆) နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် ထိုသို့ဆွေးနွေးခဲ့ကြကြောင်း ၎င်းကဆိုသည်။

သို့သော် ထိုသို့ ဆွေးနွေးသည့်ကိစ္စနှင့် ပတ်သက်၍ တရား၀င် သတင်းထုတ်ပြန်ခြင်း မရှိသေးဘဲ နိုင်ငံခေါင်းဆောင်များ၊ အစိုးရခေါင်းဆောင်များ ဆက်လက် ဆွေးနွေးကြမည် ဖြစ်ကြောင်း Hor Nam Hong က ပြောကြားသည်။

"ဟုတ်ပါတယ်။ အဲဒီ အစည်းအဝေးမှာ သဘောတူခဲ့ကြတယ်။ နိုင်ငံခြားရေး ၀န်ကြီးတွေ သဘောတူလိုက်ပြီ ဆိုတော့ လမ်းပွင့်သွားပြီဆိုတဲ့ သဘောပေါ့"ဟု အစည်းအဝေးကို တက်ရောက်လာသော မြန်မာ အစိုးရအရာရှိ တစ်ဦးကလည်း အတည်ပြု ပြောကြားသည်။

ယမန်နေ့က အစည်းအဝေး မတိုင်မီ အာဆီယံ လက်ရှိဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး မာတီနာတာလီဂါ၀ ကမူ ထိုအစည်းအဝေး မတိုင်မီ သတင်းထောက်များနှင့် တွေ့ဆုံရာ ၌ "ဒီကိစ္စကိုတော့ အခု လတ်တလော ဆုံးဖြတ်ရမယ့် ကိစ္စ မဟုတ်သေးဘူးလို့ ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။

ထိုသို့ အဆင်သင့် ဖြစ်မဖြစ်ကိစ္စနှင့် ပတ်သက်ပြီး အာဆီယံက ကိုယ်စားလှယ်အဖွဲ့ တစ်ခု စေလွတ်ရေးကိစ္စကို မြန်မာ မေ ၃ ရက်နေ့ကမှ အကြောင်းပြန်ခဲ့သဖြင့် လတ်တလော သွားရောက်နိုင်ခြင်း မရှိသေးကြောင်း မာတီက မေ ၅ ရက် အာဆီယံ-အီးယူ စီးပွားရေးထိပ်သီး အစည်းအဝေးတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

လာအိုနိုင်ငံကမူ မြန်မာက ၂၀၁၄ တွင် ဥက္ကဋ္ဌနေရာ ရယူလိုပါက အလှည့်ကျော်ပေးရန် ရှိကြောင်း ထိုင်း၊ ဘန်ကောက် အခြေစိုက် The Nation သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ ထိုသို့ ဥက္ကဋ္ဌနေရာ ရယူရန်အတွက် တိုးတက်မှု မြင်လိုသေးကြောင်း အင်ဒိုကုန်သွယ်ရေး ၀န်ကြီး က The Voice Weekly နှင့် ပြီးခဲ့သော အပတ်က တွေ့ဆုံစဉ် ပြောဆိုခဲ့ပြီး ဖြစ်သည်။

အာဆီယံ အထွေထွေ အတွင်းရေးမှုး ဒေါက်တာ ဆူရင် ပတ်ဆူ၀မ်ကမူ အာဆီယံ နိုင်ငံတိုင်းတွင် ဥက္ကဋ္ဌဖြစ်ရေးအတွက် အခွင့်အရေး ရှိကြောင်း ပြီးခဲ့သောအပတ်က ပြောဆိုထားသည်။

"ပြဿနာက ဆွေးနွေးဖက်နိုင်ငံတွေနဲ့ပါ"ဟု ၎င်းကဆိုသည်။

မြန်မာသမ္မတ ဦးသိန်းစိန်၏ အာဆီယံထိပ်သီး ဆွေးနွေးပွဲ အကြို အင်ဒိုနီးရှားသမ္မတ နှင့် တွေ့ဆုံရာတွင် ၂၀၁၄ တွင် မြန်မာ အာဆီယံ ဥက္ကဋ္ဌဖြစ်ရေး ထောက်ခံပေးရန် ပြောကြားခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးက ပြောကြားသည်။

မြန်မာအနေဖြင့် အာဆီယံ ဥက္ကဋ္ဌ ဖြစ်လိုပါက သမ္မတ ကတိပြုထားသည့်အတိုင်း အပြောင်းအလဲများ ဖော်ဆောင်ပေးရန် လိုအပ်ကြောင်း အစိုးရအဖွဲ့ နိုင်ငံရေး အကြံပေး ဦးကိုကိုလှိုင်က ဂျာကာတာမြို့တော်တွင် The Voice Weekly နှင့်တွေ့ဆုံစဉ် ပြောကြားသည်။

မြန်မာနိုင်ငံတွင် မြင်သာသော အပြောင်းအလဲ မရှိဘဲ အာဆီယံဥက္ကဋ္ဌ ရာထူးကို လက်မခံရန် အာဆီယံ လူမှုအခြေပြု အဖွဲ့အစည်းများက တိုက်တွန်းထားသည်။

မြန်မာသည် ၂၀၀၆ တွင် အာဆီယံဥက္ကဋ္ဌဖြစ်ရန် အခွင့်အရေးကို ပြည်တွင်းရေးနှင့် နိုင်ငံတကာဖိအားကြောင့် အလှည့်ကျော်ခဲ့သည်။

အာဆီယံ ဥက္ကဋ္ဌနေရာကို အင်္ဂလိပ်အက္ခရာ အစဉ်လိုက် အလှည့်ကျ ရယူပြီး လက်ရှိ အာဆီယံဥက္ကဋ္ဌမှာ အင်ဒိုနီးရှားနိုင်ငံ ဖြစ်သည်။ ဥက္ကဋ္ဌ ရာထူးကို ၂၀၁၂ ခုနှစ်တွင် ကမ္ဘောဒီးယား၊ ၂၀၁၃ တွင် ဘရူနိုင်း နှင့် ၂၀၁၅ တွင် မလေးရှားတို့ ရယူမည်ဖြစ်သည်။ ၂၀၁၄ အတွက်မူ မြန်မာနှင့် လာအိုနှစ်နိုင်ငံမှ တစ်နိုင်ငံ ဖြစ်လာမည် ဖြစ်သည် ။ Ref; http://thevoicemyanmar.com


Comments

Popular posts from this blog

တိုင်းပြည်ကံမကောင်းလေသောအခါ

Numbering for IT